လွိုင်လင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး သန့်ရှင်းရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး သန့်ရှင်းရေး စုပေါင်းဆောင်ရွက်




MNP ၊ ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့သည် ခရိုင်ရုံးစိုက်သည့်မြို့ဖြစ်ရာ မြို့သန့်ရှင်းသာယာ လှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် မြို့သန့်ရှင်းရေးလုပ်ငန်း စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ကျက်သရေဆောင် မြကန်သာရေကန်နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ) တို့တွင်ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု့အားပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ မြို့သန့်ရှင်းရေးကို ယမန်နေ့  နံနက်ပိုင်းကလည်း တောင်ကြီး- လွိုင်လင် - နမ့်စန် သွား ပြည်ထောင်စုကားလမ်းမကြီး ဘေးဝဲယာများတွင်လည်းကောင်း၊ မြို့တွင်းမိန်းလမ်းမကြီးနှင့် မြို့မဈေးကြီး ရှေ့တွင်လည်းကောင်း ခြုံနွယ်များ၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဆိုးရေ‌ ရေမြာင်းများ ဆယ်ယူခြင်း လုပ်ငန်းများကို လွိုင်လင်တပ်နယ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ အိမ်ထောင်သည်ရဲမေများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


သတင်း - လွိုင်လင်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)