မိတ္ထီလာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း

              

             

MNP - ဧပြီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ယမန်





နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က လေပြင်း တိုက်ခိုက်မှုကြောင့်  မြို့မရပ်ကွက်အတွင်းရှိ မန်ကျည်းပင်ပြိုလဲ၍ ဓာတ်တိုင်နှင့် ဖုန်းတိုင်များပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်အတွင်းရှိ လုံးပတ်  ၈ ပေ၊ အမြင့် ပေ ၄၀ ခန့်ရှိ မန်ကျည်းပင်ပြိုလဲ၍ ဓါတ်တိုင်တစ်တိုင်နှင့် ဖုန်းတိုင်နှစ်တိုင်ပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သစ်ပင်လဲကျရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - သိန်းမြင့်ကျော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)