မြစ်ကြီးနားမြို့၌ ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - ဧပြီ   ၂၈


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စုပေါင်းရုံးရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် မြို့ပြနှင့် ကျေးလက်ကွာခြားမှုမရှိစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မား ပြီး စီးပွာရေးခိုင်မာအားကောင်းသော ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေး စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးနေသူရိန်စိန်လှက မော်ဖောင်းကျေးရွာအုပ်စု၊ နယ်မြေ (၈) ကျေးရွာကို ခေတ်မီစံပြကျေးရွာ (SMART Village) အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒေသခံပြည်သူများ ဆွေးနွေးဖော်ထုတ်ချက် (၂၂) ချက်နှင့် ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် နည်းလမ်းများ၊ ဆောင်ရွက်မည့်နေရာ၊ စီမံကိန်းကာလ၊ အဓိက လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျတ်အလိုက် လျာထားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)