ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ






MNP -  ဧပြီ   ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာ တရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ပူတာအိုခရိုင်အတွင်း ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက် ရှိသော(၃.၂)မဂ္ဂါဝပ်ရှိ အထက်နမ့် ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓါတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ၌ စက်ရုံမှူးလက်ထောက်အင်ဂျင်နီယာ ဦးတေဇာလင်း၏ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓါတ်အားထုတ်လုပ်မှုအခြေ အနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေထိန်းကန်နှင့် ပင်မစက်ရုံလည်ပတ်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည်  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ တွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကြီးကျယ်ခမ်းနားပြီး အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုတွင်ပါဝင်သည့် ဝန်ကြီးဌာနတစ်ခု ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် ရှေ့လုပ်စဉ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် စေလိုကြောင်းပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၄၇၉.၆၈၀)သန်းဖြင့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ အားကြည့်ရှုစစ်ဆေးပြီး ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြမှုကို လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းများ၊ စည်ပင်သာယာ ရေးကော်မတီများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေး ခန်းမတွင် ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသတွင်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုံလောက်သော စက်သုံးဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ညှိနှုင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ခါကာဘိုအမျိုး သားဥယျာဉ်အတွင်း ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်းနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးပညာပေးပြခန်းသို့ သွားရောက်ပြီး  ပြခန်းအတွင်း ပြသထားသည့် ငှက်မျိုးစိတ်၊ ငါးမျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ ပန်းမျိုးစိတ်နှင့် တောရိုင်း တိရစ္ဆာန်မျိုးစိတ်များဖြင့် ပြသထားရှိမှုများနှင့်စပ်လျဉ်း၍ ခါကာဘိုအမျိုးဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးနှင့်ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)