မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကော်ပေါင်ကျေးရွာအတွင်းရှိ ပြည်သူများကို မိုင်းလုံမြို့ ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးတို့က ကျေးရွာ နေပြည်သူများကို စုရပ်အဖြစ် ရွာဦးဘုန်းကြီးကျောင်းတွင်သတ်မှတ်၍ဆောင်ရွက်ရာတွင် အိမ်ထောင်စု အသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ်ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်လက်မှတ်မရှိသူအမျိုးသား(၅)ဦး အမျိုးသမီး(၈)ဦး စုစုပေါင်း(၁၃)ဦးအိမ်ထောင်စု(၁၆)စုတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး သည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပန်ခင်းစီမံချက်ဆိုင်ရာသိမှတ်ဖွယ်ရာ လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးပြီး ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)