MNP - ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို အမှတ်(၈)ရပ်ကွက်ရှိ လေဘေးသင့် အိမ်ထောင်စုများအား ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းတွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲညနေပိုင်းက လေးပြင်းတိုက်ခတ်၍ မိုးရွာသွန်းခဲ့မှုကြောင့် အမိုးလန်၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု(၆)စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ပစ္စည်း(၂၂) မျိုးပါရှိသည့် ကစ်ပုံးနှင့် ဆန်ရိက္ခာ(၇)ရက်စာတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးနှင့်အတူပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - မင်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment