MNP ၊ ဧပြီ ၂
တပ်မတော်တစ်ဦးအား နီးပိန်း PDF အကြမ်းဖက်သမားဖြစ်အောင် CDM ပြုလုပ်ရန် သွေးထိုးစည်းရုံးသူ အမျိုးသမီးတစ်ဦးအား ယနေ့ ဧပြီ ၂ရက်တွင် ကလေးမြို့၌ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က ကလေးမြို့၊တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ(၇) ကားကြီးဝန်းအတွင်း နေထိုင်သည့် ကျင်းလမ့်ဝုန်(ခ)မမွန် ကွမ်းယာရောင်းသူအား လုံခြုံရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ မြို့ပေါ်ရပ်ကွက်များတွင် ဆူပူဆန္ဒပြရာတွင် လိုက်ပါခြင်း၊ နီပိန်းPDF အကြမ်းဖက်ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွယ်ခြင်း၊ တပ်မတော်သားတစ်ဦးအား CDM ပြုလုပ်ရန် သွေးထိုးစည်းရုံးခြင်းများပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။
အလားတူပင် ယမန်နေ့ ဧပြီ ၁ရက်ကလည်း ကလေးမြို့နယ်ရဲတပ်ဖွဲ့မှ CDM ပြုလုပ်၍ PDF အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သူ မင်းကိုနိုင်အား ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၌ ဖမ်းဆီးရမိပြီး အဖျက်အမှောင့်လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment