ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ ဧပြီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်း ကျောင်း(မြောက်အင်း)၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက မိုင်းထောင်ထားကြောင်းသိရှိရသဖြင့် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဝန်းအတွင်းသို့လည်း ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သည်။


ထိုသို့ NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အခြေခံပညာအလယ်တန်းကျောင်း (မြောက်အင်း)၏ တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက်အဦများ ထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ ကြောင်းသိရှိရသည်။


NLD အစွန်းရောက် နီပိန်း NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆောင်ရွက်လျက်ရှိသည့် လူငယ်များ၏ ကြိုးစားအားထုတ်မှုများအပေါ် မနာလိုမရှုစိတ်များဖြင့် ယုတ်မာပက်စက်သော အကြံဉာဏ်ဖြင့် ဖျက်လိုဖျက်ဆီး ပြုလုပ်ခဲ့ကြောင်းကို တွေ့ရှိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို အထူးဆောင်ရွက်လျက်ရှိပြီး အထက်ပါအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများအား ရှာဖွေဖော် ထုတ်ချေမှုန်း၊ သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင် ကြရန် သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)