ဘီးလင်းမြို့နယ်တွင် စတုတ္ထနေ့ (ဓါတုဗေဒ)ဘာသာရပ်အား ကျောင်းသား/သူ ၆၉၈ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် စတုတ္ထနေ့ (ဓါတုဗေဒ)ဘာသာရပ်အား ကျောင်းသား/သူ ၆၉၈ဦး ဝင်ရောက်ဖြေဆို






MNP ၊ ဧပြီလ  ၄

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ စတင်ကာ စာစစ်ဌာန (၂) ခု၌ ဖြေဆိုလျှက်ရှိရာ ယနေ့  ဧပြီ ၄ ရက်နေ့တွင်  စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်အား ကျောင်းသား/သူများက အေးချမ်းစွာ ဆက်လက်ဝင်ရောက် ဖြေဆိုလျှက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ သိပ္ပံဘာသာတွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၇၆၂) ဦး ရှိပြီး စတုတ္တနေ့ ဓါတုဗေဒဘာသာရပ်အား   ဝင်ရောက်ဖြေဆိုသူ ( ၆၉၈ )ဦးရှိသည့်အတွက် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၁. ၆)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရှိရသည်။

စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ  ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရှိရသည်။ 


သတင်း - ထူးနောင်( ဘီးလင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)