MNP - ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ကို ဧပြီလ (၄)ရက်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ယနေ့ဖြေဆိုမည့် ဓာတုဗေဒ သာရပ်အား မေတ္တာမြို့ အတွင်းရှိစာစစ်ဌာန တစ်ခုတည်းတွင် အသီးသီးဖြေဆို ကြမည်ဖြစ်ပြီး (အ-ထ-က) မေတ္တာ ကျောင်းမှ ကျောင်းတွင်း ဖြေဆိုမည့်သူ (၁၉)ဦးရှိပြီး ကျား(၆) ဦး၊မ (၁၃)ဦး၊
အပြင် ဖြေဆိုမည့်သူ မ( ၁)ဦး၊ စုစပေါင်းဖြေဆိုသူ (၂၀) ဦးရှိပြီး ဟိန္ဒား ( အ-ထ-က) ကျောင်းမှ ကျောင်းတွင်း ဖြေဆိုမည့်သူ ( ၈)ဦးရှိပြီး ကျား (၄)ဦး၊ မ(၄) ဦး၊ အပြင်ဖြေဆိုသူ ကျား (၁)ဦး၊ မ (၂ )ဦး၊ စုစုပေါင်းဖြေဆိုသူ (၁၁) ဦး ရှိပြီး ( ၂ ) ကျောင်းပေါင်းမှာ (၃၁) ဦးဖြေဆိုကြမည့်ဖြစ်ရာ ပျက်ကွက် မရှိ၁၀၀%အပြည့် ဖြေဆိုလျှက် ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် မေတ္တာမြို့အုပ်ချုပ်ရေးမှူးဦးသူရထွန်း၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့များ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ/ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးချို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment