ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊တာဆန်း တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊တာဆန်း တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး




MNP - ဧပြီ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နမ်စန့်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်နေမှုကို ဧပြီ(၂၈)ရက်ညနေ(၃)နာရီခွဲက အဆိုပါတံတား တည်ဆောက်နေသည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တံတားအထူးအဖွဲ့(၄)တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးမှ တံတားတည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ တံတားတည်ဆောက်မှုအား လှည့်လည်ကြည်ရှုကြသည်။

အဆိုပါသံလွင်(တာဆန်း)တံတားသည် တံတားအရှည်(၂၆၆.၈၆၁မီတာ) (၈၇၅.၇ပေ)၊ ပင်မတံတား (၂၀၁) မီတာ၊ ချဉ်းကပ်တံတား ၁၁မီတာ(မိုင်းပန်ဘက်ကမ်း)၊၅၄.၈၆၁မီတာ(မိုင်းတုံဘက်ကမ်း)၊ တံတားအမျိုးအစားအုတ်မြစ် R.C Bored Pile၊ တံတားအောက်ထည်R.C တံတား၊ အပေါ်ထည်SteelTruss+R.C၊ ယာဉ်သွားလမ်းအကျယ်(၈.၅)မီတာ၊ တံတားခံနိုင်ဝန်(၇၅)တန်၊ လူသွားလမ်းအကျယ် ၁ မီတာ တစ်ဖက်လျှင်(၃)ပေ၊ တံတားတစ်စင်းလုံးပြီးစီးမှုမှာ (၁၉%) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် တံတားပြီးစီးသွားပါက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှှု်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)