ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုကာလအတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းကွမ်းကိစ္စအဆင်ပြေစေရေး ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုကာလအတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းကွမ်းကိစ္စအဆင်ပြေစေရေး ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း



MNP - ဧပြီ  ၂၉

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းမပြည့်စုံသည့် မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းစာသင်တိုက်များအား ဆွမ်းကိစ္စများ တဖက်တစ်လမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိကအလှူတော် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆန်တော် လှူဒါန်းမှုအဖြစ် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင်  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုကာလအတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ သံဃာ့ဂိုဏ်းကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များရှိ ရဟန်းသံဃာများ ဆွမ်းကွမ်းကိစ္စ အဆင်ပြေမှုဖြစ်စေရန် ရည်ရွယ်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများဖြစ်သည့် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကော့သောင်းမြို့၊ နိဗ္ဗန်အေးပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်များ လှူဒါန်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)