ဖားဆောင်းမြို့နယ်တွင် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ်တွင် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်



MNP - ဧပြီ    ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၈ နာရီက ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သင်တန်းနည်းပြ ဦးအောင်မျိုးသွင်က ဗုဒ္ဓဘာသာဝင် မိသားစုများ၏ သားငယ်သမီးငယ်များကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်ထက် ရတနာသုံးပါးကို သက်ဝင် ယုံကြည်ကာ ဗုဒ္ဓ၏ တရားဓမ္မနှင့် အဆုံးအမများကို အမှန်တကယ် နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်ကြံနေထိုင်နိုင်သော ထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်လာကြစေရန် ရည်ရွယ်လျှက် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်းနှင့် ဓမ္မစကူးလ် ဖောင်ဒေးရှင်းကြီးက အနယ်နယ်အရပ်ရပ်တွင် ဓမ္မစကူးလ်များကို တည်ထောင်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် မိတ်ဖက်ဘာသာရေး၊ ပညာရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ သာသနာအကျိုးဆောင် ဒါယကာ၊ ဒါယိကာမများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓမ္မစကူးလ်များ အချင်းချင်း ကွန်ရက်ချိတ်ဆက် ဖွဲ့စည်းကာ ကလေးများအတွက် ရေရှည်တည်တံပြီး အကျိုးရှိ ထိရောက်သော ဗုဒ္ဓဓမ္မပညာရေး စနစ်တစ်ရပ်အဖြစ် ပြန့်ပွားတိုးတက်ဖွံ့ဖြိုးလာစေရေးကိုလည်း မျော်မှန်းထားပါကြောင်း ပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းကို ဖားဆောင်းမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ် (၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ တစ်လဖြစ်ကြောင်း သိရသည်။

သတင်း - နန်းသဲနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)