ကော့ကရိတ်မြို့၌ ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 


MNP - ဧပြီ   ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ရှေးဦးသူနာ ပြုစုခြင်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။  

သင်တန်းဆင်းပွဲ အခမ်းအနားတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူကျောင်းသားများအနေဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို တက်ရောက်ခဲ့ပြီးဖြစ်သဖြင့် သင်တန်းမှရရှိသော အတက်ပညာဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင်ပြုစု စောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်းနှင့် ပတ်သက်၍ အမှာစကားပြောကြား သည်။

ထို့နောက် ဆုလက်ဆောင်များနှင့် သင်တန်းအောင်လက်မှတ်များပေးအပ်ခြင်း အခမ်းနား ဆက်လက်ဆောင်ရွက်ရာ သင်တန်းတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသော သင်တန်းသူ သင်တန်းသားများအား ဆုများချီးမြှင့်ပေးပြီး၊ သင်တန်းနည်းပြဆရာများအား မေတ္တာလက်ဆောင်ပေးအပ်ခြင်းနှင့် သင်တန်းအောင်လက်မှတ် ပေးအပ်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်မျိုးဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)