MNP ၊ ဧပြီ ၂
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စတင်၍တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၉၁)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၃၂၃ ) ဦးရှိပြီး ယနေ့သင်္ချာဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၂၉၂ ) ဦး ရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁၉)ဦးနှင့် မ(၁၂)ဦး စုစုပေါင်း(၃၁)ဦးဖြစ်ကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် ( ၉၀.၄၀ )ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၉.၆၀)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၂၂၉)ဦးရှိသည့်အနက် ယနေ့သင်္ချာဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၉၉)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၂၀)ဦးနှင့် မ(၁၀)ဦး စုစုပေါင်း(၃၀)ဦးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် သင်္ချာဘာသာရပ်ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၄၉၁)ဦးနှင့် ပျက်ကွက်သူဦးရေ(၆၁)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးကသိရသည် ။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment