MNP ၊ ဧပြီ ၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ယနေ့ နံနက်ပိုင်းက သင်္ချာ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုလျက်ရှိသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၄၃၆)ဦး ရှိသည့် အ နက် သင်္ချာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၈၂၇)ဦး နှင့် မ(၄၅၂)ဦး ပေါင်း(၁၂၇၉) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၂၅) ဦး၊မ (၃၂)ဦးပေါင်း (၁၅၇)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၉.၀၇) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၀.၉၃)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment