နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်



MNP -  ဧပြီ    ၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လေပြင်းဘေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ် တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ လေပြင်းဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ လေပြင်း တိုက်ခတ်နေစဉ် သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ် ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရန် အချက်မျက်များကို အကျယ်တဝင့်ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - သန်းအောင်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)