ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆို

 




MNP ၊ မတ်   ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ်အား အ.ထ.(ဂွ)၊ အ.ထ.(ဆပ်သွား)နှင့် အ.ထ.က(ကျိန္တလီ) စသည့် စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်(၉)နာရီက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ‌ ရှိရင်း(၇၇၀)ဦး၊ ဖြေဆို( ၆၉၀)ဦး နှင့် ပျက်ကွက် (၈၀)ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ  (၈၉.၆၁)  ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)