MNP - ဧပြီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းအား ၂၀၂၂ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် စံပြမီးသတ်စခန်းဆု ချီးမြှင်နိုင်ရေးအတွက်ဗဟိုအဖွဲ့ (ဌာနချုပ်အဆင့်)မှ ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်စခန်းဆုချီးမြှင့်ရေးဗဟိုအဖွဲ့ (ဌာနချုပ်အဆင့်)မှ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစောထွန်းနှင့်အဖွဲ့ဝင်များက မီးသတ်စခန်းအင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာဆောင်ရွက် ထားခြင်းရှိ/မရှိ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စခန်းသာယာ လှပရေးဆောင်ရွက်ထားခြင်း၊ တပ်ဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်မှု၊ မီးသတ်ယာဉ်များ၏ ပစ္စည်းကရိယာပိုင်းများ၊ ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြအနေ၊ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေး၊ ကျန်းမာပျော်ရွှင်ရေးအတွက် ဘက်စုံဆောင်ရွက်ပေးနေမှု အခြေအနေများ ပြည့်စုံမှုရှိ/မရှိ စသည့် အချက်များအပေါ်မူတည်၍ အမှတ်ပေးစစ်ဆေးခဲ့သည်။
ထို့ပြင် တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေ ရေးအတွက် မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment