ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှိုဝင်ရွာ အနီး ပင်လယ်ပြင်၌ တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှိုဝင်ရွာ အနီး ပင်လယ်ပြင်၌ တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား ဖမ်းဆီးရမိ



MNP ၊ ဧပြီ  ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မှိုဝင်ရွာအနီးပင်လယ်ပြင်၌ သစ်(၃၀)တန်ခန့် တင်ဆောင် လာသော တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား  ဧပြီ ၂၄ ရက် (၀၇:၀၀)နာရီအချိန်ခန့်က ဖမ်းဆီး ရမိခဲ့ ကြောင်း သိရသည်။  

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  ငါးမန်းလှေတစ်စီး ၊ ဖိုက်ဘာလှေ တစ်စီးတို့ဖြင့် တိုက်ကင်းလှည့် တာဝန် ထမ်း ဆောင်နေစဉ်  မှိုဝင်ချောင်းအနီးပင်လယ်ပြင်အနီးအရောက်တွင်  မသင်္ကာဖွယ် လှေ ၁ တစ်စီးအား တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ  ပြန် လှည့်၍ အရှေ့ဘက်သို့ ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ  အဆိုပါလှေမှာ သောင်ခုံတွင် ကမ်းထိုး၍ လှေပေါ်ပါလာသူ တရားခံများ ထွက်ပြေး သွားပြီး  လှေအားစစ်ဆေးရာ တရားဝင် စာရွက်စာတန်း တစ်စုံတစ်ရာမပါရှိဘဲ  အမည်မရှိ တရားမဝင် သစ်မှောင်ခိုလှေ (အလျား ၆၀ ပေ ၊ အနံ ၁၅ ပေ ၊ ရေစူး ၄ ပေခန့်) သစ်သားကိုယ်ထည်၊ စက်မကြီး  MITSUBJSHI (၆)လုံးထိုး ၊ HP-250  (ဂီယာ ဘောက်စ် နှင့် တွဲ လျက် ၁လုံး)  သစ်မှောင်ခိုလှေ ၁ စီးအား သစ်ခွဲသားဆိုဒ်စုံ ၃၀ တန်ခန့် အား တရားခံမဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)