ညောင်ဦးမြို့နယ် ငရုပ်စိုက်တောင်သူများ ငရုပ်သီးခြောက်ထုတ်ရောင်းချိန် ဈေးနှိမ်ဝယ်ယူခြင်းကြောင့် တွက်ခြေမကိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ငရုပ်စိုက်တောင်သူများ ငရုပ်သီးခြောက်ထုတ်ရောင်းချိန် ဈေးနှိမ်ဝယ်ယူခြင်းကြောင့် တွက်ခြေမကိုက်



MNP - ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငရုပ်သီးစိုက်ပျိုးတောင်သူများ ငရုပ်သီးအခြောက်ပြန် လည်ရောင်းချချိန် ဝယ်ယူသည့်ပွဲစားများ ဈေးနှိမ်ဝယ်ယူခြင်းကြောင့် ကိုယ်တိုင် ငရုပ်စိုက်ပျိုး တောင်သူတွက်ခြေမကိုက်ဖြစ်နေကြကြောင်း လက်ပံခြေပေါ်အုပ်စု၊ လက်ပံခြေပေါ်ကျေးရွာ ငရုပ်စိုက်တောင်သူ ဦးဝင်းတင့်ထံမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ငရုပ်သီးဈေးကွက် ကောင်းမွန်လာခြင်းကြောင့် ငရုပ်စိုက်တောင်သူများ ပြားလာခဲ့ပြီး ငရုပ်သီးစိမ်းပေါ်ချိန်က တစ်ပိဿာ တစ်ထောင်ကျပ်မှ တစ်ထောင်နှစ်ရာ ကျပ်ရောင်း ချခဲ့ရရာ ငရုပ်စိုက်တောင်သူများ တွက်ခြေကိုက်ခဲ့ကြောင်း ငရုပ်စိုက်တောင်သူ ဦးဝင်းတင်ကပြော ကြားသည်။ ငရုပ်သီးများ လှိုင်လှိုင်ရင့်မှည့်ပေါ်ချိန် ငရုပ်သီးမှည့်များ အခြောက်လှန်းကာ ဈေးကောင်းချိန်ဖြစ်သည့် မတ်လကုန် ဧပြီလတွင် ပြန်လည်ထုတ်ရောင်းကြကြောင်း၊ ငရုပ်သီးမှည့် ခြောက်တစ်ပိဿာ နှစ်ထောင့်ခုနှစ်ရာကျပ်မှ သုံးထောင်ကျပ်သာရောင်း ချရခြင်းကြောင်း ငရုပ်သီး တစ်ဆင့်ပြန်ရောင်းချသည့် လှောင်လက်ပွဲစားများ အရှုံးနှင့်ရင်ဆိုင် နေရကြောင်း သူကောင်းတည် ကျေးရွာ ငရုပ်သီးခြောက်ပွဲစားဦးမောင်နိုင်က ရှင်းပြသည်။ ငရုပ်သီးစိုက်ပျိုးခြင်းအား မြေအောက်ရေ တူးဖော်ရေသွင်းစိုက်ပျိုးခြင်း၊ မြစ်ရေပေးချိန်တွင် မြစ်ရေဖြင့် စိုက်ပျိုးခြင်းများရှိပြီး စိုက်ပျိုးသည့် မျိုးမှာ အိန္ဒိယပလပ်စ်၊ အိန္ဒိယမိုးထောင်သီများ စိုက်ပျိုးကြောင်းသိရကာ ငရုပ်သီးရင့်မှည့်ဆွတ်ခူး ချိန် သဘာဝအတိုင်းနေဖြင့် အခြောက်လှန်းခြင်း၊ ငရုပ်သီးအား ရေအနည်းငယ်မိုးဗြဲဒယ်ထဲထည့် ပြုပ်ကာဆယ်ယူ နေလှန်းခြင်းနှစ်မျိုးဖြင့် အခြောက်လှန်းပြီးလှောင်ထားကြသည်။ ငရုပ်သီးအစို တစ်ပိဿာလှန်းလျှင် အခြောက်ထွက်လာပါက နှစ်ဆယ့်ငါးကျပ်သားသာ ထွက်ရှိခြင်းကြောင့် အစိုတုန်းကရောင်းချိန် တစ်ပိဿာ တစ်ထောင်ကျပ်မှ တစ်ထောင့်နှစ်ရာကျပ်ရောင်းချခဲ့ရပြီး ငရုပ်သီး ခြောက်ရောင်းချိန် တစ်ပိဿာ နှစ်ထောင့်ခုနှစ်ကျပ်မှ သုံးထောင်ကျပ်သာရောင်းချရခြင်းကြောင့် ငရုပ်သီးခြောက်လှောင် သူများအရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ လာရောက်ဝယ်ယူသည့် ဝယ်လက်ပွဲစားများမှ လည်းဈေးနှုန်းနှိမ်ဝယ်ခြင်းကြောင့် မဖြစ်မနေငွေလိုသည့် သူများသာ ရောင်းချနေကြပြီး ငွေမလိုသည့် ကိုယ်တိုင်စိုက်ပျိုးသူများ ဈေးကောင်းချိန် မျှော်လင့်စောင့်ဆိုင်းနေကြောင်း ငရုပ်သီးခြောက်လှောင်ပွဲစားများထံမှ သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)