သီပေါမြို့နယ်တွင် ဘာသာရေးကျောင်းများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ဘာသာရေးကျောင်းများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ


MNP -  ဧပြီ  ၂၅

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွှဲပိုင်းက  မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမားရေး ဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့တို့က ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ရွှေမောင်းသီလရှင်စာသင်တိုက်ရှိ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးစီးသော သီလရှင်ဆရာကြီး၊ ဆရာလေး(၅၀)ပါးအား ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးမထိုးနှံရသေးသောအသက်(၁၈)နှစ်အထက်နှင့် အသက်(၁၂) နှစ်အထက် သီလရှင်ဆရာကြီး၊ ဆရာလေး(၂၂)ပါးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကာ သီလရှင်စုစုပေါင်း(၇၂)ပါးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး မထိုးနှံမီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း၊ ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့လည်း ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသီလရှင်စာသင်တိုက်သို့ ကျန်းမာရေးဦးစီးဌာနမှ သံချဆေး၊ သံဓာတ်အားဆေးနှင့် သွားတိုက်ဆေးများ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)