ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက် ပျောများရောင်းအားကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက် ပျောများရောင်းအားကောင်း





MNP - ဧပြီ    ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင် ကျေးရွာများမှထွက်ရှိသည့် ငှက်ပျောသီးမျိုးစုံရောင်းအား ကောင်းနေကြောင်း လျှော်တော ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးညိုမောင်ထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေး ရွာ၊ နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ ဘိုတဲ၊ လွန်အိုင်၊ ကျောက်ခွက်၊ သင်ပေါင်းကျေးရွာများသည် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ငှက်ပျောများကို ကျောက်ပန်း တောင်းမြို၊ မိတ္ထီလာ၊ ညောင်ဦး ၊မြင်းခြံ၊ ငါ့သရောက်၊ ပခုက္ကူ၊ တောင်ဇင်း ဗျတ္တပန်းဆက်ဈေး များသို့သွားရောက်ရောင်းချခြင်း၊ ငှက်ပျော်ပွဲစားများမှ ခြံအထိလာ ရောက်ဝယ်ယူကြခြင်းများ ကြောင့် စိုက်ပျိုးသည့်ငှက်ပျောများ ထွက်သလောက်ရောင်းချ နေရကြောင်း ဆင်ဆင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ ဒေါ်ချိုချိုဝင်းကရှင်းပြသည်။ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများသည် ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျော်တို့အား စိုက်ပျိုးကြပြီး ဖီးကြမ်း ငှက်ပျောနှင့်ရခိုင် ငှက်ပျောတို့ကို အရင်တည်းကစိုက်ပျိုးခဲ့ကြကာ ရွှေနီ၊ သီးမွှေး၊ ငှက်ပျောချဉ်တို့အားဈေး ကွက်အခြေအနေအရ စိုက်ပျိုးလာခဲ့ကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောနှင့်ရခိုင် ငှက်ပျောများ အဖီးနှင့်သီးလုံးထွားမှုပေါ်မူတည်ကာ တစ်ဖီးခြင်း ဈေး၊ တစ်ခိုင်လုံးဈေးဖြင့် ရောင်းချကြကြောင်းသိရသည်။ ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာ များမှထွက်ရှိသည့် ငှက်ပျောများကို သဘာဝအတိုင်းစိုက်ပျိုးခြင်းများကြောင့်၊ ဓာတုကင်းလွှတ် ငှက်ပျောများ ဟုလူသိများကာ ငှက်ပျောထွက်သလောက်ရောင်းချနေရကြောင်းလည်း ငှက်ပျောခြံ ပိုင်ရှင်များက ရှင်းပြ၍သိရကာ ငှက်ပျောမျိုးစုံ ရောင်းအားကောင်းနေကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)