မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကွင်းဆင်းထိုးနှံပေး




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့ပေါ် ရပ်ကွက်များအပြင် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား အမှတ်(၁)ရပ်ကွက်ရှိ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး AstraZeneca (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး AstraZeneca (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူ ချိန်တိုင်းတာခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပေးပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)