မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့)၌ ကျောင်းသား/သူ(၁၃ဝဝ) ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့)၌ ကျောင်းသား/သူ(၁၃ဝဝ) ဦး ဝင်ရောက်ဖြေဆို


 

MNP -  ဧပြီ    ၁

မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ စာစစ်ဌာန(၆)ခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဒုတိယနေ့၌ အထက(မလှိုင်) ဧရာဝတီ စာစစ်ဌာနတွင် ဖြေဆိုသူ(၆၁၂)ဦး ၊ အထက(မြို့သစ်) စာစစ် ဌာနတွင် ဖြေဆိုသူ(၄၇)ဦး ၊ အထက(ပန်းအိုင်) စာစစ်ဌာနတွင်ဝင်ရောက် ဖြေဆိုသူ(၆၆) ဦး၊ အထက(ဆည်တို) စာစစ်ဌာနတွင် ဝင်ရောက် ဖြေဆိုသူ(၄၁၃)ဦး ၊ အထက(မုံပင်) စာစစ်ဌာနတွင် ဝင်ရောက် ဖြေဆိုသူ(၂၉)ဦး  ၊ အထက(နှောကန်) စာစစ်ဌာနတွင် ဖြေဆိုသူ(၁၃၃)ဦး ၊  စာစစ်ဌာန (၆)ခု တွင် အတွင်းမှ ဝင်ရောက်ဖြေဆိုသူ(၉၈၂)ဦး၊ အပြင်မှ ဝင်ရောက်ဖြေဆိုသူ (၃၁၈)ဦး ၊ စုစုပေါင်း( ၁၃ဝဝ) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ကျား(၆၄)ဦး ၊ မ (၆ဝ) ဦး ၊ စုစုပေါင်း(၁၂၄) ဦးပျက်ကွက်ခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၂၉ ) ရာခိုင်းနှုန်းရှိကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် စာရင်းရှိကျောင်းသားဦးရေ အတွင်းဖြေ ကျား(၄၁၄)ဦး၊ မ(၆၀၆)ဦး၊ ပေါင်း (၁၀၂၀)ဦး၊ အပြင်ဖြေ ကျား (၁၆၂) ဦး၊ မ(၂၄၂) ဦး ၊ ပေါင်း(၄၀၄)ဦး ၊ စုစုပေါင်း(၁၄၂၄) ဦးရှိကြောင်း သိရပြီး စာစစ်ဌာနများတွင် အပြင်စည်းအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ကူညီပံ့ပိုးပေးလျက်ရှိပြီး အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။                  

သတင်း- အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)