MNP - ဧပြီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်း သန့်ရှင်းသာယာလှပစေရေး အတွက် ယနေ့ နံနက် ၆ နာရီခွဲက တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လေယာဉ်ကွင်းလမ်းမကြီး တစ်လျှောက် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက် နေပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် ရေမြောင်းများအတွင်း အမှိုက်များ ဆယ်ယူ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားဖြင့် တူးဖော်ခြင်း၊ အမှိုက် ကောက်ခြင်း၊ ပန်းခုံများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် လမ်းမကြီးအား ရေဖြင့်ဆေးကြောခြင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ စုပေါင်းောင်ရွက်နေမှုများကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment