ပင်းတယမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု မှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု မှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်

 


MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ပင်းတယ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှု မှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းခြင်းကို ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနတွင် ဧပြီ ၁၈ ရက် မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ရဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးခင်မောင်ချို မှအနီးကပ်ကြီးကြပ်၍ လူအင်အား ၁၀ ဦး၊ ကွန်ပျူတာ ၁၀ စုံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု နိုင်-၄ မှတ်တမ်းများအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် အသက်(၁၆) နှစ်အထက် အကျုံးဝင်သူများအားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအား ပန်းခင်းစီမံချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လျှာထားချက် ပြည့်မီ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)