MNP - ဧပြီ ၄
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
စီမံကိန်းတာဝန်ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေပါ ကဏ္ဍအလိုက်ရည်မှန်းချက်များ၊ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်၏စီးပွားရေး မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်နှင့်အညီ ရေးဆွဲထားပြီး ပြည်နယ်၏ဒေသန္တရဖွံ့ဖြိုးမှု(၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ အရည် အသွေးပြည့်ဝစွာဖြင့် သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း စဉ်များကို တစ်ပါတည်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ထို့နောက် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်းထားကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးကလည်း ကောင်း၊ ကရင်ပြည်နယ်၏ နိုင်ငံပိုင်ရင်းနှီး မြှုပ်နှံမှုလျာထားချက်များကို ဌာနဆိုင်ရာများကိုယ်စား လမ်းဦးစီးဌာနညွှန်ကြား ရေးမှူး(မြို့ပြ)က လည်းကောင်း၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကလည်း ကောင်း လက်ခံရယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment