MNP - ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် တောင်တွင်းကြီး မြို့အတွင်းရှိ လူစည်ကားသောနေရာများဖြစ်သည့် ဌာနဆိုင်ရာရုံးများနှင့်လေး လမ်းဆုံတို့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လိုက်လံ ဖြန့်ဝေခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ထဲတွင် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေမှ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကဗျာနှင့်ကာတွန်း စသည့် အကြောင်း အရာများပါရှိပြီး အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရ သည်။
သတင်း - နိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment