MNP - ဧပြီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော်ကျောင်းတိုက်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော်နှင့် သီလရှင်ဆရာကြီးတို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိသဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍ ဧပြီလ(၁၈)ရက်နေ့မှ (၂၄)ရက်နေ့အထိ(၇)ကြာ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးတာဖြစ်ကြောင်း ၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရှင်သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်းနှင့် ယခုနှစ်မှ စတင်၍ ပထမအကြိမ် ဖွင့်လှစ်ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း ရေဟော်ကျောင်းတိုက်ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment