Seminar for Media Officials and Journalists of ASEAN countries အွန်လိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Seminar for Media Officials and Journalists of ASEAN countries အွန်လိုင်းဆွေးနွေးပွဲကျင်းပ

 




MNP - ဧပြီ    ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးဌာနက ကြီးမှူးပြုလုပ်သော Seminar for Media Officials and Journalists of ASEAN countries နှီးနှောဖလှယ်ဆွေးနွေးပွဲကို Zoom Application, Video conferencing ဖြင့် ယနေ့နံနက် ၈နာရီခွဲကစတင်ကျင်းပရာ မွန်ဂိုလီးယား၊ မြန်မာနှင့် ပါကစ္စတန် သုံးနိုင်ငံတို့မှ မီဒီယာဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။

ဆွေးနွေးပွဲစတင်ကျင်းပရာတွင် ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးဌာနမှ ဒုတိယညွှန်ကြားရေးချုပ် Ms, Yan Ni နှင့် ပါကစ္စတန်နိုင်ငံမှ တက်ရောက်သူ Mr. Saud Faisal Malik တို့က မွန်ဂိုလီးယား၊ မြန်မာနှင့် ပါကစ္စတန် သုံးနိုင်ငံတို့မှ တက်ရောက်သူ (၂၉)ဦးတို့အား အဖွင့်နှုတ်ခွန်းဆက်စကားနှင့် မိတ်ဆက်စကားများ အသီးသီးပြောကြားသည်။

ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးဌာန (RTI of NRTA)၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးတက္ကသိုလ်၊ ရုပ်မြင်သံကြား သင်တန်းကျောင်း၊ ဆင်ဟွာသတင်းအေဂျင်စီ၊ China Radio International (CRI), China Media Group, ပေကျင်းတက္ကသိုလ်၊ တရုတ်အသံလွှင့်ကုမ္ပဏီနှင့် The Economic Daily သတင်းစာ အစရှိသည့် ဌာနများ၊ အဖွဲ့အစည်းများ၏ မီဒီယာကျွမ်းကျင်ပညာရှင်များက ကိုဗစ်-၁၉ ကာလအလွန် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများအကြောင်း၊ သတင်းအချက်အလက်ခေတ်တွင် များစွာအရေးပါလာသည့် Media Literacy အကြောင်း၊ စာနယ်ဇင်းပညာရပ်၊ သတင်းတု၊ သတင်းယောင်များ တိုက်ဖျက်ခြင်းနှင့် 5G mobile network ဆက်သွယ်ရေးလမ်းကြောင်း စသည့် မီဒီယာဆိုင်ရာ အကြောင်းအရာများကို  ယခုဧပြီ ၁၉ရက်မှ မေ ၉ရက်နေ့အထိ ရက်သတ္တသုံးပတ်ကြာ အသီးသီး နှီးနှောဖလှယ်ဆွေးနွေးမျှဝေသွားမည် ဖြစ်ကြောင်းနှင့် ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ (၁)ဦး၊ မြန်မာ့သတင်းစဉ်မှ (၁)ဦး၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလုပ်ငန်းမှ (၁)ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်း ခရိုင်နှင့်မြို့နယ်ရုံးများမှ (၇)ဦး စုစုပေါင်း  ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)