ကန့်ဘလူမြို့ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက်

 



MNP - ဧပြီ   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်း သန့်ရှင်းသာယာ လှပရေးအတွက် နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ တြိဂံ၊ လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲယာများတွင်လည်း အလှသစ်ပင်များစိုက်ပျိုးခြင်းကို စနစ်တကျဆောင်ရွက်ခြင်း၊ အဆိုပါသစ်ပင်များကို ပုံပန်းသဏ္ဍန် လှပအောင် ပုံဖော်ခြင်း၊ ပုံပျက်သွားလျှင် ဖြတ်ညှိပြုပြင်ပေးခြင်း၊ ရေသယ်ယာဉ်ဖြင့် ရေလောင်းပေးခြင်း၊ လမ်းဘေးဝဲယာရှိ မြက်၊ ခြုံများ ရှင်းလင်းခြင်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်များအတွင်းရှိနေအိမ်များမှ နေ့စဉ်သုံးစွဲစွန့်ပစ်သည့် မီးဖိုချောင်သုံးအမှိုက်များကို နေ့စဉ်အလှည့် ကျ စနစ်ဖြင့် စွန့်ပစ်ပေးခြင်း၊ အများပြည်သူအမှိုက်စွန့်ပစ်ရန်အတွက် သတ်မှတ်နေရာ အသီးသီးတွင် အမှိုက်ပုံး(သန်ကန်ကြီး)များ ထားရှိပေးထားပြီး အဆိုပါကန်များ ပြည့်သွားပါက ဟိုက်ဒရောလစ်ချိတ်ကား အမှိုက်သယ်ယာဉ်တို့ဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်နေရာသို့ စနစ်တကျစွန့်ပစ် ပေးလျက်ရှိကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင် ထံမှသိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)