နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ




MNP - ဧပြီ    ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-လက္ခပ္ပင်ကျေးရွာရှိ တောင်သူများသည် ဖူးစား ပြောင်း စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး  စိုက်ပျိုးသူများ ဈေးကောင်းရရှိ ကြောင်း သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့်ဆောင်းရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန် ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၂)လအကြာတွင် ဖူးစပြုပြီး (၃)လအကြာ တွင် ခုတ်၍ရောင်းချရသည်။ လက်ရှိဖူးစားပြောင်း ဈေးနှုန်းမှာလက်လီဈေးတစ်ဖူးလျှင် ၂၀၀ ကျပ် လက်ကား ဈေးတစ်ဖူးလျှင် ၁၈၀ ကျပ် ရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်း ကောင်းမွန်စေသည်။ ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ (၃) မျိုးရှိပြီး ပြောင်းကြမ်းမှာ တိရိစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

ဖူးစားပြောင်းများစိုက်ပျိုးရာတွင် ကျဲပတ်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုး ရှိသော်လည်း  အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်း ခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမို ကြီးထွားသန်မာစေသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် အဖူး (၁၀၀၀) ခန့်ထွက်ရှိပြီး တစ်ပင်ကို (၃) ဖူးအထိဖူးကြောင်း  န-လက္ခုပ္ပင် ကျေးရွာနေ ဖူးစားပြောင်း စိုက်ပျိုးရောင်းချသူ ဦးအုန်းလွင်ထံမှ သိရသည်။

သတင်း - သင်းသင်းမြတ်  

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)