ဂွမြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာ နှစ်ဦးကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာ နှစ်ဦးကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိ

 






MNP ၊ ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊  ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နှစ်ဆန်းတစ်ရက်နေ့၌ မြန်မာနှစ်ဦး ကောင်းမှုကုသိုလ်များ အစဉ်အလာမပျက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌  အစဉ်အလာမပျက် နှစ်ဆန်းရက်မြတ်အခါသမယတွင်  မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်ဦးကောင်းမှုကုသိုလ်အဖြစ် ဘုရားများ ရေသပ်ပယ်ခြင်း၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းချက်၊ ဆွမ်းကပ်၊ ဆွမ်းလောင်း/ဆွမ်းဆန်စိမ်းလောင်း ကုသိုလ်ပြုခြင်း၊ ဘုရားကျောင်းကန်ဇရပ်များတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊  သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုခြင်း၊ အလှူအတန်းနှင့် စတုဒီသာများ ကျွေးမွေးခြင်းများကို  ပြုလုပ်လျက်ရှိကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)