ကျိုက်ထိုမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပ









MNP ၊ ဧပြီ ၁၇ 

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသက်(၈၅)နှစ်အထက်အဘိုးအဘွားများအားမြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ဧပြီ(၁၇)ရက် နံနက်(၈)နာရီက မြို့နယ်သာသနာ့ဗိမ္မာန် ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဘိုးဘွားများအားဆီမီးဖြင့်ပူ‌ဇော် ကန်တော့ခြင်း၊ အမွှေးနံသာရည်ပက်ဖျန်း ပူဇော် ကန်တော့ခြင်းနှင့်ဦးနိုင်ဝင်း(ပန်းချီဆရာ)အဖွဲ့မှ နှစ်ဦးဂါရ၀ ပူဇော်ကြ (ရှစ်ဆယ်ပေါ် )တေးထပ်ဖြင့်ပူဇော်ကန်တော့ခြင်းများကို ဆောင်ရွက်ကြပြီး သက်ကြီးပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများက ကန်တော့ခံပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး အဘွားများကဆုပေးစကားချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ကျင်းပရေးကော်မတီ နာယကဦးစံမြ နှင့် ဥက္ကဌ ဦးဌေးလွင်တို့ မှသက်ကြီးပူဇော်ပွဲ ကျင်းပခြင်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးမှ ပူဇော်ပွဲကျင်းပခြင်းနှင့်ပက်သက် ၍ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟ‌ အောင်မှ သက်ကြီးပူဇော်ပွဲကျင်းပခြင်းအတွက် လှူဒါန်းမှုအစုစုနှင့် အလှူငွေရရှိမှုများအား အလှူရှင်များ သဒ္ဒါထက်သန်စေရန် ရှင်းလင်းတင်ပြပြီးအခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဠတု (သုံးကြိမ်)ရွတ်ဆိုကာ ရုတ်သိမ်း ခဲ့ကြောင်းသိရသည်။

အဆိုပါသက်ကြီးပူဇော်ပွဲတွင် ကျိုက်ထိုမြို့နယ် ရှိ မြို့ပေါ်(၆)ရပ်ကွက် နှင့်ဖက္ကလိပ်ကျေးရွာတို့မှ အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၁၈၅) ဦးအား(၁)ဦးလျှင်ငွေကျပ်(၄၀၀၀၀)နှင့်ဆေးဝါးပစ္စည်းများအားလှူဒါန်းပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။

   

သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)