စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ ကျင်းပ





MNP ၊ ဧပြီ ၁၇

စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်မှုဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင်မြန်မာ့ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သာသနာ့ဗိမာန်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စဉ့်ကူးမြို့ပေါ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဖွား(၅၄)ဦးတို့အား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး တစ်ဦးလျှင် လှူဒါန်းငွေ သုံးသောင်းကျပ်နှင့်ဆေးဝါးတို့အား ပေးအပ်ကြသည်။ ယင်းနောက် ကန်တောခံအဘိုးတစ်ဦး က ဆုတောင်းမေတ္တာချီးမြှင့်ပေးပြီး အခမ်းအနားသို့ မလာရောက်နိုင်သည့် သက်ကြီးဘိုးဘွားများကိုလည်း တာဝန်ရှိသူများက လှူဒါန်းငွေနှင့်ဆေးဝါးများကို အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)