ကျိုက်ထိုမြို့နယ် ရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆွမ်း ဆန်စိမ်းများသွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆွမ်း ဆန်စိမ်းများသွားရောက်လှူဒါန်း





MNP ၊ ဧပြီ ၁၇

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် မဟာမုနိသွန်းဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ပူးပေါင်း၍  နှစ်စဉ်ကျင်းပလျှက်ရှိသည့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ယခုနှစ်တွင်ကျောင်းတိုက်များအရောက်သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ အလှူရှင်များမှလှူဒါန်းသော ဆွမ်းဆန်စိမ်းတင်းရေ (၅၅၅)တင်းကို ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်း(၉၉)ကျောင်းရှိ သံဃာတော် ၊သီလရှင် စုစုပေါင်း(၁၁၂၀) ပါးအတွက် အညီအမျှ ခွဲဝေ၍ကျောင်း တိုက်များအရောက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့သွားရောက်လှူဒါန်းရခြင်းမှာ နှစ်စဉ်ကျင်းပသည့်မြို့နယ်လုံးကျွတ် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲအား (ကိုဗစ်)ကာလဖြစ်သည်နှင့်အညီလူအများမစုစည်းမိစေရန်နှင့်ရောဂါကူးစက်မှုမရှိစေရန်အတွက်သွားရောက်လှူဒါန်း ရခြင်းဖြစ်ပြီး ယခုလို ကျောင်းတိုက်အရောက် သွားရောက်လှူဒါန်း မှုမှာလည်း (၃)နှစ်မြောက် ရှိပြီဖြစ်ကြောင်း တာဝန်ရှိများထံမှ သိရသည်။

      

သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)