ပြည်မြို့ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက ဆရာတော် ဘဒ္ဒန္တဩဘာသ အား "မဟာသဒ္ဒမ္မဇောတိကမဇ"ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၅၀(ဝါတော် ၃၁) နှစ်ပြည့် ရွှေရတု ဂုဏ်ပြုမင်္ဂလာ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက ဆရာတော် ဘဒ္ဒန္တဩဘာသ အား "မဟာသဒ္ဒမ္မဇောတိကမဇ"ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၅၀(ဝါတော် ၃၁) နှစ်ပြည့် ရွှေရတု ဂုဏ်ပြုမင်္ဂလာ အခမ်းအနား ကျင်းပ



MNP -  ဧပြီ   ၃

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့၊ ဝင်္ကဘာတောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် မြို့နယ် ဘုန်းကြီးကျောင်း၊ ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဩဘာသအား "မဟာသဒ္ဒမ္မဇောတိကမဇ"ဘွဲ့တံဆိပ်တော် နှင့် သက်တော် ၅၀(ဝါတော် ၃၁) နှစ်ပြည့် ရွှေရတု ဂုဏ်ပြုပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝင်္ကဘာတောရကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကြွရောက်လာသော ဆရာတော်များမှ  နမောတသ ဗုဒ္ဓဝန္ဒနာ ဂါထာအား ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုခံဆရာတော်အား အဆိုပါကျောင်းတိုက်မှ ဆရာတော် ၁၀ ပါးက မုနိရတနာသိမ်တွင် သိက္ခာတော်ထပ် ပြုလုပ်ပေး၍ ဒါယိကာ/ဒါယိကာမများမှ သိမ်တော်အထွက် ဝတ္ထု ငွေများ လောင်းလှူ ပှုဇော် ပေးခဲ့ပြီး နေလယ် ဆွမ်းဆပ်ကပ်ပှုဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဂုဏ်ပြုခံ ဆရာတော်၏ " မဟာသဒ္ဒမ္မ ဇောတိကမဇ" ဘွဲ့တံဆိပ်တော်အား ထပ်ဆင့် ဂုဏ်ပြုပွဲကျင်းပ၍ နိုင်ငံကျော် အဆိုတော်များဖြစ်သော တက္ကသိုလ်လဲ့လဲ့၊ ဟေမာနေဝင်း၊ သိန်းမြင့်သန်း(စန္ဒယားပညာရှင်)၊ မောင်ချမ်းသာ (စောင်းပညာရှင်)တို့ နှင့် မြန်မာမှု ဂီတအဖွဲ့မှ ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုဇော် ခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)