MNP - ဧပြီ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်း ဆင်းပွဲအခမ်းအနားကိုယမန်နေ့က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ကသင်တန်းဆင်းအမှာ စကား ပြောကြားရာတွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၌ သင်တန်းသူများအား ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦ ချင်း ဝင်ငွေတိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူပြု နိုင်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းတွင် ထူးချွန်စွာဆုရရှိခဲ့သူအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြင့် ကြသည်။ ဆက်လက်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။
သတင်း - သိန်းနုအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment