MNP - ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ သပိတ်ကျင်း-ဖော့တော လမ်းဆုံစစ်ဆေးရေးဂိတ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်ဆေးခြင်းကို ဧပြီလ( ၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မန္တလေး-မိုးကုတ်ကားလမ်း သပိတ်ကျင်း-ဖော့တောလမ်းဆုံ စစ်ဆေး ရေးစခန်တွင် ခရီးသွားပြည်သူများအား မြို့နယ်ပြင်ပသို့ ခရီး သွားလာပါက(လ.ဝ.က)မှ ထုတ်ပေးထားသော နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်များကို ခရီးသွား လျှင် ယူဆောင်သွားကြရန်၊စစ်ဆေးပြီး၊ မှတ်ပုံတင်များ မရှိပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိပါက မှတ်ပုံတင်ရှိရေးဆောင်ရွက်ကြရန်သတ်ပေးပြောကြားခဲ့ပြီး ခရီးသွားခြင်း၊ တည်းခိုခြင်းများအတွက် (လ.ဝ.က)မှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေပေး ခံသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်(လ.ဝ.က)ဦးစီးမှူးဦးမင်းသူရတို့က ဝန်ထမ်းများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သတင်း - စိုးနိုင်ဝင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment