၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ


MNP - ဧပြီ   ၁၉

၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌‌ရေးနှစ် ‌ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခင်က ဘဏ္ဍာနှစ်ကို အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင် ဘာလ (၃၀) ရက်နေ့အထိ သတ်မှတ်ခဲ့ရာ ယခုအခါ ဧပြီလ (၁) ရက်နေ့မှ မတ်လ(၃၁) ရက်နေ့အထိ ပြင်ဆင်သတ်မှတ်သည့်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီး၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကျပ်  ဘီလီယံ (၆၈၉၇.၃) တွင် မကွေးခရိုင်အနေဖြင့် ကျပ်ဘီလီယံ (၂၈၀၆.၇) အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ပါဝင်မှု အမျိုးအစားအနေဖြင့် (၄၀.၇) ရာခိုင်နှုန်း ပါဝင်သဖြင့် ပမာဏ အကြီးမားဆုံး အကောင်အထည် ဖော်ရမည့်ခရိုင်ဖြစ်ပါကြောင်း၊ အကောင် အထည် ဖော်ရာတွင် မကွေးခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကျပ် ဘီလီယံ (၂၈၀၆.၇) အကောင်အထည်ဖော်ရန်နှင့် (၃.၇) ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးမှ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ အသီးသီးတာဝန်ပေးအပ်ခဲ့သည်။

ထို့နောက် မကွေးခရိုင်စီမံကိန်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဖြိုးမှ မကွေးခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီး မြှုပ်နှံမှု လျာထားချက်များအပေါ် ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

သတင်း - ကိုအောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)