မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာရေးဆရာ အောင်သင်း၏ “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “အချိန်ကို ဘယ်လိုအသုံးချသလဲ”နှင့် “မိမိကိုယ်ကိုထွန်ယက်ခြင်း” အကြောင်းများကိုလည်းကောင်း၊ Book Club အသင်းမှ ဦးဟန်ထွန်းအောင်က “ထိပ်ဆုံးကလူ”နှင့် “အိပ်မက်ခွန်အားဖြင့် ကမ္ဘာကျော်သူ” အကြောင်းများကို လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းက “သိအောင်ကြိုးစားပါ”နှင့် “လှစေချင်လို့ပါ” အကြောင်းများကိုလည်းကောင်း၊ Woman Club အတွင်းရေးမှူး ဒေါ်နန်းလျှိုးရှဲန်မုန်းက “တန်ဖိုး ၃ မျိုး”နှင့် “စာရိတ္တတန်ဖိုး” အကြောင်းများကို လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - နန်းပန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)