ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးမှု (၂၁)ကြိမ်အထိ ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးမှု (၂၁)ကြိမ်အထိ ရှိလာ




MNP - ဧပြီ    ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဆင်စာဘူဖေးလှူဒါန်းကျွေးမွေးမှု (၂၁)ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံက သိရသည်။

“ဆင်စခန်းမှာက ဆင်(၁၁)ကောင်ရှိတယ်။ ဆင်စခန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့က မန်းရွှေစကတော် ဘုရားပွဲတော်နှင့်အတူ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ ဆင်စာကို Online ကနေဆက်သွယ်ပြီး လှူဒါန်းကျွေးမွေးကြသလို ကိုယ်တိုင်လာရောက်ကျွေးမွေး တာတွေလည်းရှိပါတယ်။ ဆင်စာကျွေးမွေးမှုက ၂ လပိုင်းမှာ ၉ ကြိမ်၊ ၃ လပိုင်းမှာက ၁၂ ကြိမ် စုစုပေါင်း ၂၁ ကြိမ်အထိ ရှိသွားပါပြီ။ အများစုက ဘုရားပွဲတော်ချိန်ကာလဖြစ်လို့ ဆင်စခန်းမှာ ကိုယ်တိုင်လာရောက်ကျွေးမွေးမှုက အများဆုံးဖြစ်ပါတယ်” ဟု ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောက်က ပြောသည်။

အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်းဆင် (၁၁)ကောင်ရှိပြီး ဆင်စာဘူးဖေး ကျွေးမွေးလိုသူများအနေဖြင့် ငွေကျပ် ၃၀၀၀၀ မှစပြီး ၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း၊ မိမိတို့တတ်နိုင်သောနှုန်းထားဖြင့် Online မှတဆင့် ဆက်သွယ် လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင်လာရောက်ပြီးကျွေးမွေးနိုင်ကြောင်း၊ အဝေးမှလာရောက် ကျွေးမွေးလိုသူများအနေဖြင့် ကြိုတင်ချိတ်ဆက်ထားပါက အဆင်သင့်ကျွေးနိုင်အောင် ပြင်ဆင်ပေး ထားကြောင်း၊ ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာ မြက်များကို ဝယ်ယူကျွေးမွေးရပြီး ဆင်စားများ လှူဒါန်းကျွေးမွေးလိုပါက ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း Facebook Page ဖုန်း(၀၉-၄၀၂၆၂၃၇၃၀)နှင့် ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောက် ဖုန်း(၀၉-၄၄၃၄၄၃၉၈၈) ထံသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

သတင်း - မာင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)