MNP - ဧပြီ ၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား နဝမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့် သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ်(ပထမ)အကြိမ်ကို ယမန်နေ့က စေတနာရှင်/ပရဟိတဝန်ထမ်း (၂၀)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ (၅)ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင် သူများ (၇၆၂)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်မှ ဝန်ထမ်းများ(၉)ဦး၊ မှီခို (၄၄)ဦး၊ စုစုပေါင်း (၈၄၀)ဦး လာရောက်ထိုးနှံခဲကြပြီး ကျန်ရှိပြည်သူ များအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment