MNP ၊ ဧပြီ ၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား သတ္တမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံခဲ့ကြောင်းသိရသည်။
အဆိုပါ IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောာင်ရွက်ပေးကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့်စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့က ပေါက်တောမြို့နယ်ရှိ ဆင်တက်မော်IDP စခန်းမှ (၂၂၁)ဦး၊ အနောက်ရဲ IDPစခန်းမှ(၄၇)ဦး၊ ကြိမ်နီပြင် lDP စခန်းမှ (၁၈၃)ဦး၊ စုစုပေါင်း(၄၅၁)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment