မိုင်းဆတ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကျောင်းစိမ်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကျောင်းစိမ်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်း

 


MNP - ဧပြီ    ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကျောင်းစိမ်းဝတ်စုံနှင့် ဗလာစာအုပ်များကို ယမန်နေ့နံနက်ပိုင်းက သဗ္ဗညု(မူလွန်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ခရိုင်ရုံးဝန်ထမ်းများက ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဝယ်ယူရန်အတွက် သဗ္ဗညုကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္ဓဇောတိကဓဇ ဘဒ္ဒန္တဣန္ဒကထံသို့ ငွေကျပ်သိန်း(၁၀၀) ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (ဖြူ/စိမ်း)(၁၅၀)စုံနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၅၀)ကိုထောက်ပံ့လှူဒါန်းပြီး လှူဒါန်းမှုအစုစု အတွက် ဆရာတော် မဟာသဒ္ဒမ္ဓဇောတိကဓဇ ဘဒ္ဒန္တဣန္ဒကထံမှ ရေစက်ချအနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ သဗ္ဗညု(မူလွန်)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၁)ဦး၊ ရဟန်း(၁၃)ပါး၊ သာမဏေ(၇၂)ပါး၊ သီလရှင်(၃၉)ပါး ရှိပြီး (မူလွန်)အဆင့် ပညာရေး သင်ကြားလျက်ရှိကြောင်းသိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)