MNP - ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဓာတုဗေဒ ဘာသာ ရပ်ကို မြို့မအ.ထ.ကကျောင်း၊ စာစစ်ဌာနတွင် ယနေ့နံနက်(၉)နာရီအချိန် ကျောင်းသား၊ သူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် စာစစ်ဌာနမြို့မ အ.ထ.ကကျောင်းတွင် စာရင်းရှိ(၁၉၅)ဦး၊ ကျောင်းတွင်းဖြေဆိုသူ (၉၀)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ(၈၂)ဦး၊ စုစုပေါင်း(၁၇၂)ဦးဖြေဆိုလျက်ရှိကြောင်း ပျက်ကွက် (၂၃)ဦးနှင့် ရာခိုင်နှုန်းအနေဖြင့် ၈၈.၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် စာစစ်ဌာနမြို့မ အ.ထ.ကကျောင်းတွင် ဓာတုဗေဒဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးညွှန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပညာရေးဌာနမှ ဆရာ/မများက အနီးကပ်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဌေးဌေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment