ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

 


ဝါးခယ်မ ဧပြီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၉၈၆)ဦးရှိပြီး ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၉၁၅)ဦးရှိကြောင်း၊ ပျက်ကွက်သူ (၇၁)ဦးနှင့်ရာခိုင်နှုန်းအနေဖြင့် ၉၂ ဒသမ ၈၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၂)ခုတို့၌ ဓာတုဗေဒဘာသာရပ်ဖြေဆိုမည့် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများက အနီးကပ်ကြည့်ရှုစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)