MNP - ဧပြီ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျှက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ် ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃၉၂)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် များမှ အတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ မြောက်ဦး မြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း (၂၆၁၄)ဦးရှိပြီး အထက-ထမ္မရာဇ်မြို့သစ် စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၆၆၇)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၃၆၄)ဦး၊ အထက(ခွဲ) အလက (၁)စာစစ်ဌာနတွင်(၃၆၅)ဦး၊ အထက(ခွဲ)အလက(၃)စာစစ်ဌာနတွင်(၂၂၇)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင်(၂၈၄)ဦး၊ အထက-တိမ်ညို စာစစ်ဌာနတွင်(၂၇၆)ဦး၊ အထက-ကျီရာပြင် စာစစ် ဌာနတွင်(၂၀၉)ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ(၂၃၉၂)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment