တာမွေမြို့နယ်အတွင်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၌ ကုသိုလ်ယူ ဥပုဒ်သီလစောင့်တည်သူများ ယခင်နှစ်များထက် ပိုမိုများပြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၌ ကုသိုလ်ယူ ဥပုဒ်သီလစောင့်တည်သူများ ယခင်နှစ်များထက် ပိုမိုများပြာ


MNP - ဧပြီ    ၁၇

ယနေ့တွင် ကျရောက်သည့် ၁၃၈၄-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူသူများ၊ ဥပုသ်သီလစောင့်တည်သူများ ယခင်နှစ်များထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

“မြန်မာနှစ်ဆန်းတစ်ရက်နေ့ဆိုတာက မြန်မာသက္ကရာဇ် နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။ အဲအတွက် နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့လေးကို ကောင်းမှုကုသိုလ်တွေ ပြုလုပ်တဲ့ အတွက် တစ်နှစ်ပတ်လုံး ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နိုင်မယ်ဆိုတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ယုံကြည်မိပါတယ်” ဟု တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်စွာဦးကဆိုသည်။

၁၃၈၄-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅) နာရီမှ ည(၇)နာရီခွဲ အချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)